ဓာတ်ပုံဝါသနာပိုးကိုဘယ်အချိန်ကတည်းကစပြီးစိတ်ဝင်စားတာလဲလို့မေးရင် 2016အစောပိုင်းလောက်ကစတင်ပါတယ် Phuketကိုရောက်သွားတဲ့အချိန် အသက်18နှစ်တောင်မပြည့်သေးပါဘူး ဟိုရောက်တော့မြန်မာပြည်ကိုအသေလွမ်းတာ လွမ်းတာ သင်္ကြန်ဆိုလည်းသတိရ သီတင်းကျွတ်ဆိုလည်းသတိရ ကိုယ့်မှာကဘာပွဲတော်ရှိရှိ အခန်းကျဉ်းလေးထဲကနေ ဖုန်းလေးကြည့်ပြီး မြန်မာပြည်ကဆင်နွှဲနေကြတဲ့ ပွဲတော်ကို likeထိုင်ပေးနေရတဲ့အဖြစ်
တနေ့ကိုယ့်accountထဲက သူငယ်ချင်းက ဆရာဦးခင်မောင်သွင်ရဲ့ များစွာသောဓာတ်ပုံတွေထဲကမှ ပြည်မြို့တဖက်ကမ်းက ရွှေဘုံသာမုနိရှင်ကို ဒီဘက်ကမ်းကလှမ်းရိုက်ထားတဲ့ပုံလေးကိုShareလာတယ် အဲမှာတင် အဲဒီပုံလေးကကိုယ့်ရင်ကိုထိတော့တာပဲ အဲမှာပိုးစဝင်တာပဲ
ကင်မရာလည်းမဝယ်နိုင်သေးတော့ဖုန်းနဲ့ကလစ်တော့တာ
တကယ်အဲတုန်းက ရိုက်ထားတဲ့ဓာတ်ပုံတွေရှိသေးတယ် ဒါပေမယ့်ဘယ်သူ့မှမပြပါဘူး ရှက်လို့😅 စုတ်ပြတ်သပ်နေတာပဲ
(အခုလည်း စုတ်ပြတ်သပ်တုန်းပါပဲ ကြိုးစားဆဲ)
ကိုယ်တို့ဓာတ်ပုံလောကမှာ ဆိုရိုးစကားတစ်ခုတောင်ရှိသေးတယ်မဟုတ်လား ဘာတဲ့ " သင်ပထမဆုံးရိုက်တဲ့ပုံတစ်သောင်းကအဆိုးရွားဆုံးပုံတွေပါ" တဲ့ ဆိုလိုတာက လေ့ကျင့်ရင်းရိုက်ရင်းနဲ့ကမှ ပိုမိုကောင်းမွန်သွားတာပါ ဒီတော့များများလေ့ကျင့် များများရိုက်ပါတဲ့
အင်း စကားလမ်းကြောင်းတွေလွဲကုန်တော့မယ် ဆိုတော့ကာအကျဉ်းချုပ်ရရင် 2016ကတည်းကဖုန်းကလေးနဲ့ဟိုရိုက်ဒီရိုက် အဲကနေစတင်ခဲ့တဲ့ဝါသနာပိုးက အခုဆိုတဖြေးဖြေးနဲ့ကြီးထွားလာခဲ့ပြီ အိမ်မက်တွေနဲ့
ရည်မှန်းချက်တွေနဲ့
ခွန်အားတွေနဲ့
သတ္တိတွေနဲ့ ခြေတလှမ်းကိုအရင်စတင်ခဲ့ပါပြီ
Comments
Post a Comment